မြောက်ဥက္ကလာပ မတ် ၂၆
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင် ၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်စီးဌာနမှ လကမ္ဘာဆေးရုံရှိ ဝန်ထမ်းများအား မီးဘေးအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြသ မတ် ၂၄ ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။
ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစည်သူမျိုးဦးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များက လကမ္ဘာဆေးရုံရှိဝန်ထမ်းမျာအား အသိပညာပေးပြောကြားရာတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ မီးလောင်ရသည့်အကြောင်းရင်းများ၊ မီးဘေးကြိုတင်ကာကွယ်ရေးနည်းလမ်းများ၊ မီးလောင်မှုဖြစ်ပွားပါက လုပ်ဆောင်ရမည့်နည်းလမ်းများ၊ မီးသတ်ဆေးဘူးအကြောင်းနှင့် အသုံးပြုနည်းများရှင်းပြခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများ 191 Report Application အား ထည့်သွင်းအသုံးပြုစေရေး ရှင်းလင်းပြသဆောင်ရွက်ခဲ့သည်။ ထို့နောက် မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းရှိ ရတနာသိင်္ဂီစျေး အားမီးဘေးကြိုတင်ကာကွယ်ရေးအတွက် ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများ၊ စျေးကော်မတီတို့နှင့်အတူ ဈေးပိတ်ချိန် မီးသုံးစွဲမှုနှင့်လျှပ်စစ်မိန်းခလုတ်များပိတ်ထားမှု ရှိ / မရှိ စျေးမီးဘေးလုံခြုံရေးဆောင်ရွက်ထားသည့် အပေါ့စားစက်များ အဆင်သင့်အသုံးပြုနိုင်ခြင်း ရှိ / မရှိ စျေးရှေ့ရှိ Hydrant ငုတ်ရေထွက်စမ်းခြင်း ၊ စျေးလုံခြုံရေးများအား ပိုက်ခေါင်းကိုင်ဆောင်ပုံကိုင်ဆောင်နည်းများအား သင်ကြားပေး၍ အသေးစိတ်စစ် ဆေးအကြံပြုခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)