ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မြန်မာ့အီလတ်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများက ထုတ်ယူ

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် အသုံးပြုမည့် MEVM မြန်မာ့အီလတ်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူခဲ့သည်။

ကော့မှူးမြို့နယ်တွင် ပြင်ပရောက်မဲများ ကြိုတင်ဖွင့်ဖောက်ရေတွက်

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာ ရင်းပါရှိသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပရောက်ကြိုတင်မဲများ ဖွင့်ဖောက်ရေတွက်ခြင်းကို ယနေ့ညနေ ၄ နာရီက မကျီးကန်ကျေးရွာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်၌ ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်းလုပ်ငန်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြည်တွင်းရှိမဲစာရင်းပါရှိသည့် သက်ဆိုင်ရာမြို့ နယ်ပြင်ပရောက်ရှိနေသူများ ဆန္ဒပြုထားသော ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်ခြင်း လုပ်ငန်းကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညနေ ၄ နာရီချိန်က ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ ကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ်ယောက်ချင်းစီမှသည် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို ယနေ့နံနက် (၅)နာရီ (၄၅)မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင်စုရပ်ထား၍ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ပါဝင်ဆင်နွှဲခဲ့ကြသည်။

နတ်တလင်းမြိုနယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်း၊ နတ်တလင်းမြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်များ ကိုင်ဆောင်ခဲ့ခြင်းမရှိသူများနှင့် (ပျောက်ဆုံး၊ ပျက်စီး၊ လဲလှယ်) တို့အား One Stop Service ဖြင့် ဒီဇင်ဘာလ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့အထိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နတ်တလင်းမြို့နယ်ရုံးမှ ဆောင်ရွက်ပေးလျက်ရှိသည်။

မြိတ်တက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်၌ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ မျိုးဆက်သစ်တက္ကသိုလ် ဘော်လီဘော အားကစားသမားများ မွေးထုတ်ပေးနိုင်ရေးနှင့် ကျန်းမာကြံ့ခိုင်သော တက္ကသိုလ်ကျောင်းသား/ သူများဖြစ်စေရေးအတွက် ကျင်းပလျက်ရှိသော ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ဒီဇင်ဘာ(၂၆)ရက် မွန်းလွဲပိုင်းက တက္ကသိုလ်အားကစားခန်းမတွင် ကျင်းပသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံ ဦးမြင့်ဦး လားရှိုးမြို့တွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး မဲပေးစက်ထုတ်ယူမှု၊ မဲရုံများခင်းကျင်းနေမှုနှင့် ကြိုတင်ဆန္ဒမဲပေးနေမှုများအား ကွင်းဆင်းကြည့်ရှု

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိူးမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်(မြောက်ပိုင်း) တာဝန်ခံဦးမြင့်ဦးနှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် (OSS) ရုံး၌ မဲရုံအလိုက်ဖြန့်ခွဲမည့် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)စက်များနှင့် မဲရုံသုံးပစ္စည်းများအား ရပ်ကွက်၊ ကျေးရွာအုပ်စုမဲရုံမှူးများက လာရောက်ထုတ်ယူနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒီဇင်ဘာအားကစားလ စတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်အတူ စုပေါင်းဆင်နွှဲ

ဒီဇင်ဘာအားကစားလလူထုအားကစားလှုပ်ရှားမှုအဖြစ် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ဒီဇင်ဘာအားကစားလစတုတ္ထအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် ၆ နာရီက ပြည်နယ်မြို့တော်မြစ်ကြီးနားမြို့၌ လမ်းလျှောက်ပွဲပါဝင်ဆင်နွှဲသူအများအပြားဖြင့် စည်ကားစွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော် ကြိုတင်ဆန္ဒမဲလက်မှတ်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေး

ပြည်ထောင်စု‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဦးခင်ဇော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့နယ်နှင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ‌ရုံးများ၌ ကြိုတင်ဆန္ဒမဲလက်မှက်များ ဖွင့်ဖောက်ရေတွက်နေမှု အခြေအနေများကို လည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

မူဆယ်မြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံများအတွင်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်မြို့၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးမည့်ပြည်သူများ အဆင်ပြေချောမွေ့စေရန် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများ၊ အခြေခံကျောင်းများရှိ မဲရုံများအတွင်း၌ ကြိုတင်ပြင်ဆင်ထားရှိမှုများကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Subscribe to