ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ သာယာမိုးရပ်ကွက်၊ ကျွန်းကျေးရွာနှင့် ညံတောအင်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လယ်၃နာရီက ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်းကပ်လှူ ပူဇော်ပွဲနှင့် (၁၅၈)ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆) ကြိမ်မြောက် ဝါဆိုရွှေကြာသင်္ကန်း ကပ်လှူပူဇော်ပွဲနှင့် (၁၅၈) ကြိမ်မြောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ အောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ စေတီလိုဏ်တော်အတွင်း၌ကျင်းပရာ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဦးဇေယျာလင်း၊ ဦးမင်းဦးနှင့် ဦးဟန်သူ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်စိုးမိုး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့နှင့်တာဝန်ရှိသူများက စေတီတော်ကြီးလိုဏ်တော်အတွင်းရှိ ဗုဒ္ဓပဋိမာရုပ်ပွားဆင်းတုတော်များနှင့် စေတီတော်အရှေ့မြောက်ထောင့်ရှိ မဟာဆုတောင် ပြည့်ဘုရားကြီးအား ဝါဆိုရွှေကြာသင်္ကန်းကပ်လှူပူဇော်ပြီး ရုပ်ပွားတော်များအား မြသပိတ်တော်ဖြင့် ဆွမ်း၊ သစ်သီး၊ ပန်းမန်နှင့် သောက်တော်ရေချမ်းများ ဆက်ကပ်လှူဒါန်းကြသည်။

မိုင်းယန်းမြို့၌ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပခဲ့ကြကြောင်း သိရသည်။

ရေးမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇတ်တိုက် လေ့ကျင့်

မွန်ပြည်နယ်၊ ရေးမြို့နယ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ရေးမြို့ မြကန်သာကျုံးတွင် ကျင်းပပြုလုပ်ရာ နယ်မြေတပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် တက်ရောက် အမှာစကားပြောကြားသည်။

မိုင်းပျဉ်းမြို့ အထကကျောင်း၌ ကျောင်းဆောင်သစ် ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းဆောင်သစ်ပန္နက်တင် မင်္ဂလာအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီက အဆိုပါကျောင်းအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သထုံမြို့၊ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီး၌ စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့ရှိ သုဝဏ္ဏဘူမိဆုတောင်းပြည့်နှီးဘုရားကြီးတွင် မြသပိတ်စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီးများနှင့် ဗုဒ္ဓဝေယျာဝစ္စကာရီသံဃာတော်များအား ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များနှင့် မြသပိတ်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တို့စုပေါင်းကာ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။

ကျွန်းလှမြို့နယ်၌ ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကား

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတို့၌ ၁၃၈၆ ခု ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဗုဒ္ဓဘာသာနွယ်ဝင် ရပ်ဝေး၊ ရပ်နီးပြည်သူများက ဆရာတော်သံ‌ဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အာဟာရဒါကုသိုလ်ပြုခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုမှ စုပေါင်း၍ နှစ်စဥ်ပြုလုပ်မြဲဖြစ်သည့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျိုက်လတ် တိလောကမာရဇိန်မြတ်စွာဘုရားကြီးတွင် (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းဆက်ကပ်လှူဒါန်းပွဲနှင့် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ (၇)ဖြတ်လမ်းရှိ မြို့ကျက်သရေဆောင် တိလောကမာရဇိန်မြတ်စွာ ဘုရားကြီးတွင် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့)၌ နံနက် ၈ နာရီခန့်က (၂၀) ကြိမ်မြောက် ဝါဆိုသင်္ကန်း၊ ပန်းဆက်ကပ်လှူဒါန်းပွဲ နှင့် စတုဒိသာနိဗ္ဗာန်ဈေးပွဲတော် ကျင်းပခဲ့သည်။

စဥ့်ကိုင်မြို့နယ်တွင် ဝါဆိုလပြည့်‌နေ့ (ဓမ္မာစကြာအခါတော်)နေ့၌ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် အထူးစည်ကား

မြန်မာသက္ကရာဇ် ၁၃၈၆ခုနှစ်၊ ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည် ဗုဒ္ဓဘာသာဝင်တို့၏ ထူးခြားသောနေ့ဖြစ်၍ မြတ်စွာဘုရားရှင်မြတ်၏ ထူးခြား‌သောဖြစ်စဉ်တို့ကို အာရုံပြုလျက် အနယ်နယ်အရပ်ရပ်၌ တန်ခိုးကြီးဘုရားများတွင် ဘုရားဖူးပြည်သူများဖြင့် စည်းကားလျက်ရှိရာ မန္တ‌လေးတိုင်း‌ဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ တန်ခိုးကြီးဘုရားများဖြစ်သည့်  ရတနာလာဘမုနိ ဆုတောင်းပြည့်မြွေဘုရားနှင့် ပေါ်တော်မူမြတ်စွာဘုရားတို့တွင် ဝါဆိုလပြည့် (ဓမ္မစကြာအခါတော်နေ့) နံနက်ပိုင်းက ဘုရားဖူးပြည်သူများ၊ ကုသိုလ်ဒါနပြုကြသူများဖြင့် အထူးစည်းကားသိုက်မြိုက်လျက်ရှိကြောင်း သိရသည်။
Subscribe to