ရေးမြို့၌ မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇတ်တိုက် လေ့ကျင့်

ရေး ဇူလိုင် ၂၀

မွန်ပြည်နယ်၊ ရေးမြို့နယ် မုန်တိုင်းဘေးအန္တရာယ်နှင့် ရေဘေးအန္တရာယ်ရှာဖွေကယ်ဆယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းကို ရေးမြို့ မြကန်သာကျုံးတွင် ကျင်းပပြုလုပ်ရာ နယ်မြေတပ်နယ်မှူး ဗိုလ်မှူးကြီး ကောင်းဇော်မြင့် တက်ရောက် အမှာစကားပြောကြားသည်။

အခမ်းအနားသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းမင်းနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရန်ကြီးအောင်အရန်မီးသတ်တပ်ဖွဲ့၊ အောင်မင်္ဂလာ၊ အောင်မေတ္တာနှင့် အောင်သုခလူမှုကူညီရေးအသင်းအဖွဲ့များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ စုပေါင်းအင်အား (၅၀)ခန့်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)