ကျွန်းလှ ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက် အသီးသီးတို့၌ ၁၃၈၆ ခု ဝါဆိုလပြည့် ဓမ္မစကြာနေ့တွင် ဗုဒ္ဓဘာသာနွယ်ဝင် ရပ်ဝေး၊ ရပ်နီးပြည်သူများက ဆရာတော်သံဃာတော်များအား ဝါဆိုသင်္ကန်းဆက်ကပ်ခြင်း၊ လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ အာဟာရဒါကုသိုလ်ပြုခြင်းနှင့် ဥပုသ်သီလဆောက်တည်ကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ထို့နောက် ဆရာတော်သံဃာတော်များထံမှ အနုမောဒနာတရားများ နာကြားကြည်ညိုကြပြီး ရှစ်ပါးသီလခံယူဆောက်တည်ကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှတမ်းပေးဝေကြကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ