ဖျာပုံမြို့၌ ဝါဆိုလပြည့် (ဓမ္မစင်္ကြာ) အခါတော်နေ့တွင် ဘုရားဖူးလာရောက်သူများ၊ အလှူဒါနပြုလုပ်သူများ ဥပုသ်သီလဆောက်တည်သူများဖြင့် စည်ကားလျက်ရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် တန်ခိုးကြီးဘုရားများတွင် ဇူလိုင်လ (၂၀) ရက်နေ့ ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့၌ ဥပုသ်သီလ ဆောက်တည်သူများ၊ ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းသူများ၊ စတုဒိသာ ကျွေးမွေးလှူဒါန်းပြုလုပ်သူများ၊ ဘုရားဖူးလာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။