ကယားပြည်နယ် သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်အား ပြည်နယ်ဝန်ကြီးချုပ်မှ သွားရောက်ဖူးမြော်၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခြင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့နယ်၊ ရွှေကျောင်းပရိယတ္တိ စာသင်တိုက်သို့ သွားရောက်ကာ ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာစက္ကနှင့် ပြည်နယ်သံဃာ့နာယက အဖွဲ့အကျိုးတော်ဆောင် ဆရာတော်ဘဒ္ဒန္တသီဟနန္ဒတို့အားသွားရောက် ဖူးမြှော်ကြည်ညိုခဲ့ပြီး ပြည်နယ်အတွင်းရှိ သံဃာတော်များ ဝါတွင်းကာလအဆင်ပြေစွာသီတင်းသုံးနိုင်ရေး၊ ပရိယတ္တိစာသင်တိုက်များ ဖွင့်လှစ်နိုင်ရေးနှင့် သာသနာရေးဆိုင်ရာများအား လျှောက်ထားကာ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရွှေကျောင်းပရိယတ္တိ စာသင်တိုက်အတွင်းရှိ အကြမ်းဖက်သောင်းကျန်းသူများ၏ အဖျက်အမှောင့်ဆောင်ရွက်မှုကြောင့် ပျက်စီးသွားသည့် သာသနိကအဆောက်အဦများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကာ ပြန်လည်ပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

မော်လမြိုင်ကျွန်းမြို့နယ် ကွမ်းခြံချောင်းကျေးရွာ၌ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်အတွင်းရှိ ပြည်သူများ မိုးရာသီကာလဖြစ်ပွားတတ်သည့် သဘာဝဘေးအန္တရာယ်များနှင့် ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွားလာပါက ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှုမဖြစ်ပေါ်စေရေးနှင့် အရေးပေါ်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ပြည်သူလူထုပူးပေါင်းပါဝင်သော ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကွမ်းခြံချောင်းကျေးရွာ၌ စုပေါင်းဆောင်ရွက်ခဲ့သည်။

ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ပြည်နယ်ဒုတိယအဆင့်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ကျိုင်းတုံ)ရုံးတွင် ကျင်းပသည်။

ဒဂုံမြို့နယ်တွင် အာဇာနည်နေ့အခမ်းအနားတက်ရောက်မည့် နိုင်ငံရေးပါတီများကို ဧည့်ခံကြိုဆို၍ ကူညီဆောင်ရွက်ပေး

ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ အာဇာနည်လမ်း၊ ပခုက္ကူဓမ္မာရုံ၌ (၇၇)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့တက်ရောက်၍ လွမ်းသူပန်း‌ခွေ၊ ပန်းခြင်းချအလေးပြုမည့် နိုင်ငံရေး(၃၄)ပါတီ၏ ကိုယ်စားလှယ်များကို ယနေ့နံနက်  ၆ နာရီအချိန်တွင် နံနက်စာ ကောက်ညှင်းပေါင်း၊ ကောက်ညှင်းငချိတ်၊ အကြော်၊ လက်ဖက်ရည်၊ ကော်ဖီများဖြင့် တည်ခင်းဧည့်ခံပြီး ၈ နာရီ ၄၄ မိနစ်တွင် မော်တော်ယာဉ်ပေါ်သို့ ပါတီ ပန်း‌‌ခွေ၊ ပန်းခြင်း တင်ဆောင်‌ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကျိုင်းတုံမြို့၌ သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြော

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံ-မိုင်းဆတ် သစ်တောဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် သစ်တောသစ်ပင်နှင့် ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွှဲ ၂ နာရီက ကျိုင်းတုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင်ကျင်းပသည်။
Subscribe to