တောင်ဥက္ကလာပမြို့နယ်တွင် လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ ပူးပေါင်း၍ လူငယ်များလူကုန်ကူးမှုအန္တရာယ် မကျရောက်စေရန်နှင့် အသိပညာဗဟုသုတများတိုးပွားစေရန်အတွက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေးဟောပြောပွဲကို ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကျင်းပခဲ့သည်။