ဆင်ပေါင်ဝဲမြို့နယ်၌ ရေဘေးသင့်ပြည်သူများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုး ထောက်ပံ့

ဆင်ပေါင်ဝဲ ဇူလိုင် ၂၀

​မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ သာယာမိုးရပ်ကွက်၊ ကျွန်းကျေးရွာနှင့် ညံတောအင်းကျေးရွာရှိ ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးထောက်ပံ့ပေးခြင်းကို ယမန်နေ့နေ့လယ်၃နာရီက ရေဘေးရှောင်စခန်းအသီးသီး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

​ထို့နောက် ဆင်ပေါင်ဝဲမြို့ အမှတ် (၁) ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၅၁) ဦး၊ အမှတ် (၂) ရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု(၂၆)စု၊ လူဦးရေ(၈၉)ဦး၊ သာယာမိုးရပ်ကွက်မှ ရေဘေးသင့်အိမ်ထောင်စု (၄)စု၊ လူဦးရေ(၁၅)ဦး၊ ကျွန်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု (၁၀)စု၊ လူဦးရေ(၃၇)ဦးနှင့် ညံတောအင်းကျေးရွာမှ ရေဘေးသင့်အိမ်ထောင်စု(၄၄)စု၊ လူဦးရေ (၁၄၉)ဦးအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆန်ရိက္ခာဖိုးငွေကျပ် (၇၁၆၁၀၀/-)ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစစ်နိုင်ထွန်းနှင့် ဝန်ထမ်းများက ရေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)