ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က (၁၁)နှစ်မြောက်စုပေါင်းဘုံဆွမ်းလောင်းလှူ

မန္တလေး   ဇူလိုင် ၂၀

မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ လမ်း (၈၀) ပေါ်ရှိ ယူနန်ဗုဒ္ဓဘာသာဘုရားကျောင်း ဂေါပကအဖွဲ့က ဦးစီး၍ (၁၁)နှစ်မြောက် စုပေါင်းဘုံဆွမ်းလောင်းလှူပွဲ(ပထမနေ့)ကို ဇူ့လိုင်လ ၂၀ ရက်နေ့ နံနက် ၆ နာရီက ကျင်းပပြုလုပ်သည်။

ထိုသို့ ဘုံဆွမ်းလောင်းလှူပွဲတွင် မစိုးရိမ်ကျောင်းတိုက်မှ သံဃာတော် အပါး(၂၅၀)တို့ကို ပင့်ဖိတ်၍ ယူနန်ဗုဒ္ဓဘာသာဘုရား ကျောင်းဂေါပကအဖွဲ့တာဝန်ရှိသူများက ဆွမ်း၊ ဆွမ်းဟင်းများ၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မဝတ္ထု‌ငွေများ ဆက်ကပ်လောင်းလှူကြ‌ကြောင်း သိရသည်။

မန္တ‌လေးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများမှ သံဃာတော်အပါး(၂၀၀)စီ ပင့်ဖိတ်၍ ဆွမ်း၊ ဆွမ်းဟင်း၊ အရံဆွမ်းဟင်း၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်နှင့် လှူဖွယ်ပစ္စည်းများ၊ နဝကမ္မ ဝတ္ထုငွေများဖြင့် ဝါတွင်းကာလ ဥပုသ်နေ့တိုင်း နှစ်စဉ်မပျက် လောင်းလှူလျက်ရှိကြောင်း သိရသည်။

မြင့်မော်ထွန်း