ဘိုကလေးမြို့နယ်ရှိ ထော်လာဂျီများအား လိုင်စင်အသစ်နှင့် သက်တမ်းတိုးခြင်းများ ကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အားကစားခန်းမတွင် ယနေ့နံနက် (၉)နာရီ အချိန်မှစ၍ မြို့နယ်တွင်းရှိ ထော်လာဂျီများအား လိုင်စင်အသစ်ဆောင်ရွက်ပေးခြင်းနှင့် လိုင်စင်သက်တမ်းလွန် ထော်လာဂျီများအား သက်တမ်းတိုးပေးခြင်း လုပ်ငန်းများဆောင်ရွက် ပေးခဲ့သည်။