ငါးသိုင်းချောင်းမြို့အတွင်း ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အချို့တို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွင်း ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် နှင့်ကျေးရွာအုပ်စု အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ငဝန်မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ရေဘေးသင့် ပြည်သူများ အတွက်တစ်ပတ်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူ များအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့၊ ဘိုးရာဇာ ရပ်ကွက် ရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး၌ ပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြ အိမ်ထောင်စု များအနက်အိမ်ထောင်စု (၈)စုရှိ ပြည်သူများအားယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများမှ ရွှေ့ပြောင်းပို့ဆောင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ကမ်းနားလမ်း၊ ဒါးကမြစ်ကမ်းဘေးရှိ နှစ်စဥ်ရေဝင်နေကြအိမ်ထောင်စုများအနက် အိမ်ထောင်စု (၈)စုရှိ ပြည်သူများအား ယနေ့ နံနက်(၉)နာရီအချိန်ခန့်က မင်္ဂလာရာမဘုန်း‌တော်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသည့် ယာယီရေဘေးရှောင်စခန်းသို့ တာဝန်ရှိသူများက ရွှေ့ပြောင်းပို့ ဆောင်ပေးခဲ့ကြသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း သန့်ရှင်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး၊ ‌ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် ပုဗ္ဗသီရိမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဆရာ/ ဆရာမများက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များအလင်းဖွင့်ခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟ စနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနား တက်ရောက်

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည်  ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ ဒီရေတောဂေဟစနစ်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့၊ နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့နယ်ရှိ၊ အလှပ်ကျေးရွာ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ်က မွန်ပြည်နယ်သည် ကမ်းရိုးတန်းဒေသ တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း တစ်လျှောက်လုံးရဲ့ ဂေဟစနစ်များ ရေရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေး၊ ကမ်းရိုးတန်း သယံဇာတများကို စနစ်တကျစီမံအုပ်ချုပ်နိုင်ရေး အထူးအလေးထားဆောင်ရွက်လျက် ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအနေဖြင့်လည်း ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေး၊ လေပြင်းဒဏ်ခံနိုင်တဲ့ သစ်မျိုးများ စိုက်ပျိုးခြင်းဖြင့် ဒီရေတောများ ကာကွယ်ထိန်းသိမ်း ကာကွယ်ရေးစတဲ့ လုပ်ငန်းစဉ်တွေကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်ဖြင့် အမှာစကား ပြောကြားခဲ့သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့၌ ဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်တိုက်ခိုက်မှုဖြစ် စဉ်များကြောင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့သို့ ဒေသခံပြည်သူများအနေဖြင့် ယာယီနေ့ရပ်စွန့်ခွာ၍ ရောက်ရှိလျက်ရှိသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား ကြည့်ရှု့စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် ယမန်နေ့ နံနက်ပိုင်းက အစိုးရ အဖွဲ့ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ပဲခူးမြို့ရှိ ပဲခူးမြစ်ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအခြေအနေအား သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့သည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဖိုးငွေနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေချောင်း ရေများ မြင့်တက်လာပြီး အနိမ့်ပိုင်းလူနေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်လာကာ ဆက်လက်နေထိုင်ရန်မသင့်တော် တော့သည့်အတွက် ယာယီရေဘေးကယ်ဆယ်ရေး စခန်းများဖွင့်လှစ်၍ ပြောင်းရွှေ့နေရာချထားပေးခဲ့ရာ ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ပြည်သူများအား သွားရောက် တွေ့ဆုံအားပေး၍ စားသောက်ကုန်ပစ္စည်းများနှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ Drum Seeder စိုက်ပျိုးနည်းစနစ် ကွင်းသရုပ် ပြပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့ တောင်သူ ဦးခနူး၏ စိုက်ကွက်၌ ဇူလိုင်လ (၂၇)ရက်၊ နံနက် (၁၁)နာရီအချိန်က Drum Seeder အသုံးပြု၍ မိုးစပါးတိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးခြင်းစိုက်ပျိုးနည်းစနစ် ကွင်းသရုပ်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အ.ထ.က(၁) အလုံ၌ အားကစာနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစာပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ ကျင်းပမှု

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံပညာဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ အားကစာနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောသရုပ်ပြပွဲနှင့် အားကစာပစ္စည်းများပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
Subscribe to