ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက်ရှိ ယာယီရေဘေးရှောင်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများ ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ်(၁၂)ရပ်ကွက်တွင် င၀န်မြစ်ရေမြင့်တက်ခြင်းနှင့် မိုးသည်းထန်စွာရွာသွန်းမှုတို့ကြောင့် ရွှေ့ပြောင်းနေထိုင်ခဲ့သည့် ယာယီရေဘေးရှောင်အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေနှင့် ကာဘော်လစ်ဆပ်ပြာများအား ယမန်နေ့ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့သည်။