ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ရေဘေးသင့် ပြည်သူများ အတွက်တစ်ပတ်စာဆန်ရိက္ခာဖိုးငွေထောက်ပံ့ပေးအပ်

ဘီးလင်း ဇူလိုင် ၂၈

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူ များအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘီးလင်းမြို့၊ ဘိုးရာဇာ ရပ်ကွက် ရေဘေးကယ်ဆယ်ကွပ်ကဲရေးရုံး၌ ပြုလုပ်သည်။

ဘီးလင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် ဇူလိုင်လ ၂၇ရက်နေ့ အထိ ရပ်ကွက်(၅)ခုနှင့် ကျေးရွာ(၁၂)ရွာတို့တွင် ရေဘေးရှောင်စခန်း (၂၃)ခု ဖွင့်လှစ်၍ ရေဘေးသင့် အိမ်ထောင်စု (၂၁၉၀)စုမှ ပြည်သူ (၈၇၂၉) ဦးတို့ အားပြောင်းရွှေ့နေရာချထားပေးခဲ့သည်။

အဆိုပါ ရေဘေးသင့်ပြည်သူများအား  ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပထမအသုတ်အနေဖြင့်  ရေဘေးရှောင်ပြည်သူ (၃၆၂၆) ဦးအတွက် ဆန်ရိက္ခာတစ်ပတ်စာ ထောက်ပံ့ငွေကျပ် (၇၆၁၄၆၀၀) ကို ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ထွန်းလင်းက ယနေ့မွန်းလွဲ ၁ နာရီ တွင် မြို့နယ် သဘာဝဘေးစီမံခန့်ခွဲ့မှု ဥက္ကဋ္ဌ  ဦးစည်သူအောင်ထံသို့ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရပြီး ထောက်ပံ့ရန် ကျန်ရှိနေသေးသည့် ရေဘေးရှောင်ပြည်သူများအား ဇူလိုင်လ ၂၉ ရက်တွင် ဆက်လက် ထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)