ငါးသိုင်းချောင်းမြို့အတွင်း ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု အချို့တို့တွင် ရေဝင်ရောက်မှုဖြစ်ပွား

ငါးသိုင်းချောင်း  ဇူလိုင်   ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ငါးသိုင်းချောင်းမြို့အတွင်း ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက် နှင့်ကျေးရွာအုပ်စု အချို့ရှိ မြေနိမ့်ပိုင်းနေရာများတွင် ငဝန်မြစ်ရေဝင်ရောက်မှုဖြစ်ပွားခဲ့သည်။

ငဝန်မြစ်ရေ ဝင်ရောက်မှုကြောင့် ငါးသိုင်းချောင်းမြို့ ငဝန်ရပ်ကွက်၊ ရှေ့ဆောင်ရပ်ကွက်နှင့် ရွှေဘိုရပ်ကွက်၊ ကွင်းချောင်းကျေးရွာတို့မှ အိမ်ထောင်စု (၉၈)  စု၊ လူဦးရေ ( ၃၉၅)  ဦးတို့ငဝန်မြစ်ရေ  ဝင်ရောက်လျက်ရှိကြောင်းသိရသည်။ အဆိုပါ ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ရေဘေးရှောင်ပြည်သူ များအား မြို့မရပ်ကွက်ရှိအမျိုးသားခန်းမ၊ မြို့သစ်ရပ်ကွက်ရှိ လောကမာရဇိန်ဘုရားကြီးဝန်းနှင့် နီးစပ်ရာဆွေမျိုးများထံသို့ ပြောင်းရွေ့နေထိုင်စေပြီး ရေဘေးသင့်အိမ်ထောင်စုများ၏ သောက်သုံးရေ၊ စားဝတ်နေရေးအဆင်ပြေရန်အတွက် ရေကြည်မြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းချစ်အေး၊ ငါးသိုင်းချောင်းမြို့အုပ်ချုပ်ရေးမှူးတို့၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများမှ ကူညီဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ငါးသိုင်းချောင်း(ပြန်/ဆက်)