မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ချောက်မြို့နယ် အုံမြှားကြီးကျေးရွာ စာကြည့်တိုက်အဆောက်အဦ ပန္နက်တော်တင်အခမ်းအနားသို့ တက်ရောက်၊ ချောက်နှင့် ရေနံချောင်းမြို့နယ်များတွင် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်သာယာလှပရေး အကြီးမြန်သစ်မျိုး စိုက်ပျိုးပြီးစီးမှုအား ကြည့်ရှု

မကွေး ဇူလိုင် ၂၉

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ အုံမြှားကြီးကျေးရွာတွင် နိုင်ငံတော်လှူဒါန်းထောက်ပံငွေဖြင့် ဆောက်လုပ်မည့် ကျေးရွာစာကြည့်တိုက် အဆောက်အဦ ပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက်ပိုင်းက အဆိုပါစာကြည့်တိုက်မြေနေရာတွင် ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းသိန်း၊ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်သူဦးနှင့် တာဝန်ရှိသူများက ပန္နက်တော်တင်မင်္ဂလာပြုလုပ်ရန်အတွက် သတ်မှတ်နေရာအသီးသီးတွင် နေရာယူပြီး မင်္ဂလာအချိန် ကျရောက်သည့်နှင့်တပြိုင်နက် ရတနာပန္နက်တော် ကိုးချက်စိုက်ထူ၍ အမွှေးနံ့သာရေများ ပတ်ဖြန်းကာ စုပေါင်း မှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အဆိုပါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) သို့ ရောက်ရှိပြီး ရပ်မိရပ်ဖများ၊ ဆရာ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်း၏ သင်ကြားသင်ယူမှုအခြေအနေများ၊ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးအခွင့်အလမ်းများ၊ လိုအပ်ချက်များနှင့်ပတ်သက်၍ မေးမြန်းကာ လိုအပ်သည့်ပံ့ပိုးမှုများ ဆောင်ရွက်ပေးပြီး၊ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

 ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ လမ်းဘေးဝဲယာစိမ်းလန်းစိုပြည်သာယာလှပရေးအတွက် မိုင်တိုင်အမှတ်(ဝ/၀) မှ (၁၂/ဝ) အထိ ချောက်မြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌနမှ လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်သာယာလှပရေးအတွက် အရိပ်ရ အမြဲစိမ်းတမာပင်ကြီး (၁၃၃၀) ပင်၊ အကြီးမြန်သစ်မျိုး ယူကလစ် (၈၇၀) ပင်၊ စုစုပေါင်း စိုက်ပင်ပေါင်း (၂၂၀၀) ပင် စိုက်ပျိုးထားရှိမှု အားလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ  လမ်းဘေး ဝဲယာ စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် မိုင်တိုင်အမှတ်(၃၅၁/၂)မှ (၃၅၈/၃) အထိ အရိပ်ရ အမြဲစိမ်းတမာပင်ကြီး (၂၃၅၀) ပင်၊ အကြီးမြန်သစ်မျိုး ယူကလစ် (၁၂၀၀) ပင်၊ စုစုပေါင်း (၃၅၅၀)ပင် စိုက်ပျိုးထားရှိသည့်အခြေအနေများအားလည်းကောင်း ကြည့်ရှုစစ်ဆေးကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က သစ်တောသစ်ပင်များကို စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းစိုသာယာလှပစေပြီး ဂေဟစနစ်တည်တံ့စေမည့် အကျိုးကျေးဇူးများစွာရရှိနိုင်မှာဖြစ်ကြောင်းနှင့် လမ်းဘေးဝဲယာ စိမ်းလန်းစိုပြည် သာယာလှပရေးအတွက် စိုက်ပျိုးထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း စိမ်းလန်းစိုပြည်ပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေး၊ ရာသီဥတုပြောင်းလဲမှုများကို လျော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြည်လည်ကောင်းမွန်လာစေရေးအတွက် ရည်ရွယ်ပြီး ၂၀၂၄ ခုနှစ် မိုးရာသီမှာ သစ်ပင်စိုက်ပျိုးပွဲတော်ပြုလုပ်ခြင်းများအတွက် အပင်အရေအတွက်(၁၀,၄၄၀)ပင်၊ ကျေးရွာထင်းစိုက်ခင်း၊ လမ်းဘေး ဝဲ/ ယာစိုက်ခင်းများ အပါအဝင် နိုင်ငံပိုင်သစ်တောစိုက်ခင်းများအတွက်(၂,၇၄၁,၀၉၉)ပင်၊ လူထုဖြန့် ပျိုးပင်ဖြန့်ဝေစိုက်ပျိုးခြင်းများအတွက် (၆၀၇,၈၆၇) ပင် စိုက်ပျိုးကာ၊ မကွေးတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ မိုးရာသီအတွင်း စုစုပေါင်းပျိုးပင် (၃၃) သိန်းကျော်ကို ဇွန်လကုန်မှာ စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရှိရသည်။

မောင်ညီညာ