မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်းရေကြီး၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် နမ့်လွေချောင်း ရေကြီး၍ ယမန်နေ့ နေ့လည်ပိုင်းအချိန်ကစ၍ ချောင်းဘေးနေထိုင်ကြသည့် လူနေအိမ်အချို့၌ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။