လိပ်သို ဩဂုတ် ၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် လိပ်သိုမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့သန့်ရှင်းသာယာ လှပစေရေး၊ ရေစီးရေလာကောင်းမွန်စေရေး၊ မိုးရေတိုက်စားမှုကြောင့် လမ်းများပျက်စီးမှု မရှိစေရေး၊ မြို့အင်္ဂါရပ်နှင့် ညီညွှတ်လာစေရေးတို့အတွက် အဖုံးပါအုတ်စီရေမြောင်းများ တည်ဆောက်ပေးလျက်ရှိသည်။
ထိုသို့ တည်ဆောက်ပေးလျက်ရှိရာတွင် လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်ဌာနဆိုင်ရာရုံးကုန်းရှိ ကွန်ကရစ်လမ်းဘေးတစ်လျှောက်တွင် အရှည် (၄၅၀) ပေ၊ အကျယ် (၁.၆) ပေ၊ အမြင့် (၂)ပေနှင့် (၄) လက်မထုရှိ ရေမြောင်းအဖုံးပါ အုတ်စီရေမြောင်းကို တည်ဆောက်ပေးလျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှု (၈၅) ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
လုပ်ငန်းပြီးစီးသွားပါက လမ်းပေါ်သို့ ရေကျော်ခြင်း၊ ရေမြောင်းအတွင်း အမှိုက်များစွန့်ပစ်ခြင်း မရှိနိုင်တော့သည့်အပြင် လမ်းဘေးပေါင်းမြက်ချုံနွယ်များ မပေါက်ရောက်နိုင်တော့၍ လမ်းတစ်လျှောက် သန့်ရှင်းသာယာလှပနေမည်ဖြစ်ကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)