စဉ့်ကိုင် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ယာယီမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်လင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဇော်မျိုးထွန်းက သဘာဝဘေးအန္တရာယ် ကျရောက်လာပါက ကြိုတင်ပြင်ဆင်နိုင်ရေးနှင့်ပတ်သက်ပြီး လိုက်နာရမည့်နည်းလမ်းများအား တကျယ်တဝံ့ရှင်းလင်းပြောကြားခဲ့သည့်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ကြုံတွေ့လာလျှင် ထိခိုက်မှုအန္တရာယ်များ လျော့ချနိုင်ရန်အတွက် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများအား လက်တွေ့သရုပ်ပြသလေ့ကျင့်သင်ကြားပေးခဲ့ရာမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် ရပ်ကွက်/ကျေးရွာအုပ်ချုပ်မှူးများက တက်ကြွစွာ ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်စွာ (စဉ့်ကိုင်)