ပြည်ကြီးတံခွန် ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေလုပ်ငန်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်၉နာရီက အဆိုပါမြို့နယ်ရှိ ချမ်းမြသာယာရပ်ကွက်၊ ကျွဲဆည်ကန် ၉လမ်း၊ ကံဓမ္မရာဇ်ဓမ္မာရုံ၌ ကျင်းပခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲတွင် နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးဦးအောင်သွင်က သန်းခေါင်စာရင်းဆိုင်ရာရည်ရွယ်ချက်၊ ကောက်ယူမည့်နည်းလမ်း၊ ကောက်ယူမည့်အိမ်ထောင်စုမေးခွန်းပုံစံနှင့် အဖွဲ့အစည်းမေးခွန်းများအား အကျယ်တဝင့် အသိပညာပေးဟောပြောပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြရာ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူးက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့ အသိပညာပေးပိုစတာနှင့်လက်ကမ်းစာစောင်များကို သန်းခေါင်စာရင်းကော်မတီဝင်များက တက်ရောက်လာကြသည့် ပြည်သူများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)