ကျောက်တန်း ဩဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ဝဲကြီးကျေးရွာခန်းမ၌ ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဆင်းပွဲအား ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းဝင်းလတ်မှ သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာရပ်မိရပ်ဖများက သင်တန်းအကျိုးသက်ရောက်မှုများနှင့် မိမိတို့ကျေးရွာအား ယခုလိုလာရောက်သင်တန်းပို့ချပေးသည့်အတွက် ကျေးဇူးတင်ရှိပါ ကြောင်းပြောကြားခဲ့ပါသည်။
ထို့နောက် သင်တန်းသား/သူများ (၁)လအတွင်း ကြိုးစားချုပ်ထားသော အဝတ်အထည်ပုံစံ (၁၅)မျိုးကို ကြည့်ရှုခဲ့ကြပြီး သင်တန်းသူ/သားများအား အမှတ်တရလက်ဆောင်ပေးအပ်ကာ မူကြိုကလေး (၂၂)ဦးအား ကျောင်းစိမ်းများ ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်ဆက်)