စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားက စားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ်၊ အမျိုးသားအားကစားပွဲတော် အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့်အောင်နိုင်ရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပ ရာအစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှူးများ၊ အားကစားနှင့်ကာယပညာသိပ္ပံ (မုံရွာ) မှ ကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ အားကစားနည်းအလိုက် တာဝန်ခံများနှင့်အုပ်ချုပ်နည်းပြများ တက်ရောက်ကြသည်။

သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာစံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ပေါင်းတည်၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ငွေကျပ် ၃၂ သန်းကျော်တန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းကျင်း

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေဖြင့် ၁၃ လမ်း၊ အပိုင်း (၂) အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

နတ်မောက်မြို့နယ် မရိုးတောကျေးရွာ၌ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၉:၃၀)နာရီအချိန်က မရိုးတောကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း အဆိုပါဌာနမှ သိရသည်။

မိုင်းယုမြို့၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်းပြီး သန့်ရှင်းရေးများပြုလုပ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်းရေကြီးမှုဖြစ်ပွား၍ အိမ်များသို့ ရေဝင်ရောက်လာမှုဖြစ်ပွားခဲ့ရာမှ ယနေ့နံနက်ပိုင်းက စတင်၍ ရေများပြန်လည်ကျဆင်းသွားသဖြင့် သန့်ရှင်းရေးများ ဝိုင်းဝန်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စကာရည်လုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပခြင်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

သရက်မြို့၌ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်များ ကျေးရွာစာကြည်တိုက်များသို့ စာအုပ်အပ်လှူဒါန်းပွဲကို ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ) ပဲခူးရပ်၌ ချောင်းရေဝင်ရောက်မှု ကျဆင်းသွားသည့်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်စီမံမှုဖြင့် အ.ထ.က(ခွဲ)ပဲခူးရပ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ဆီမီးချောင်းရေလျှံမှုကြောင့် ပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ ဇူလိုင်လတတိယပတ်၊ စတုတ္တပတ်များတွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဩဂုတ်လ (၁) ရက်နေ့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီမီးချောင်းရေမှ ရေလျှံမှုများဖြစ်ပေါ်ရာ မြို့ပေါ်ရေဝင်ရောက်သည် အမှတ် (၁) ရပ်ကွက် ဒေသခံပြည်သူ့အချို့မှာ ရေဘေးလွတ်ရာနေရာများသို့ ယ‌မန်နေ့ညနေပိုင်းက ယာယီပြောင်းရွှေ့ကြသည်။

မိုင်းတုံမြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to