သရက် ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်များ ကျေးရွာစာကြည်တိုက်များသို့ စာအုပ်အပ်လှူဒါန်းပွဲကို ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့သည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ လမ်းညွှန်ထောက်ပံ့မှုဖြင့် မကွေးတိုင်းဒေသကြီးအတွင်းမှာ ကျေးရွာအုပ်စုများဖြစ်ပြီး အလယ်တန်းကျောင်းရှိသည့် ကျေးရွာတစ်ရွာတွင် စာကြည့်တိုက်အဆောက်အအုံသစ် ဆောက်လုပ်ရန် တစ်တိုက်လျှင် ငွေကျပ်သိန်း (၁၅၀) နှုန်းဖြင့် (၁၇) တိုက်အတွက် သိန်း (၂၅၅၀) ရရှိပြီးဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ကျေးလက်နေပြည်သူ (၇၀) ရာခိုင်နှုန်းရှိတဲ့ ကျေးလက်နေပြည်သူတွေ စာအုပ်စာပေဖတ်ရှုဖို့ စာအုပ်စာစောင်တွေ လက်လမ်းတမှီထားရှိပေးဖို့ စာကြည့်တိုက်တွေရှင်သန်ဖို့ အရေးကြီးသည့်အတွက် စာဖတ်ရှိန်မြှင့်တင်နိုင်ဖို့အတွက် စာအုပ်လှူဒါန်းပွဲတွေ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွေ ကျင်းပနေတယ်ဟု ပြောကြားပေးခဲ့သည်။
ထို့နောက် ကျေးရွာစာကြည့်တိုက် စာကြည့်တိုက် (၁၆) တိုက်အတွက် စာကြည့်တိုက် တစ်တိုက်လျှင် စာအုပ် (၂၀) အုပ်နှုန်းဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက စာကြည့်တိုက် (၁၆) တိုက်အား စာအုပ်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)