မိုင်းတုံမြို့၌ ၂၀၂၄ ခုနှစ်၊ တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ)ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအခြေချစစ်ဗျူဟာဝန်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ(၄:၁၅)အချိန်က တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်ကျော်နှင့် တပ်နယ်အတွင်းရှိ စစ်သည်/ရဲမေများ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးသီးနှံ ပဲတီစိမ်း ၁၈၀၁ ဧက သိမ်းဆည်းခြွေလှေ့ပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ပဲတီစိမ်းသီးနှံ စိုက်ခင်းများမှာ သိမ်းဆည်းခြွေလှေ့ချိန်ရောက်ရှိပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများငှားရမ်း၍ ဇွန်လ စတုတ္ထပတ်က စတင်သိမ်းဆည်းခြွေလှေ့လျက်ရှိရာ ယနေ့အထိ (၁၈၀၁) ဧက သိမ်းဆည်းခြွေလှေ့ပြီးစီးသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်

(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးအဆင့် ပါဝင်ယှဉ်ပြိုင်နိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ ရောက်ခဲ့ကြသည်။

ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာ၊ ဓမ္မာရုံတွင် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဆောင်ရွက်သည်။

လဲချားတွင် အား/ကာကော်မတီဥက္ကဋ္ဌဖလား အသက်(၂၅)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပနိုင်ရေး rehearsal ပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် rehearsal ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီနာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။

တာလေမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များငှားရမ်းပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီက ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများထံ သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများ သွားလာမှု အဆင်ပြေစေရေး ကွန်ကရစ်လမ်းများ ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ပြည်သူများ သွားလာမှု အဆင်ပြေစေရေးနှင့် ရပ်ကွက်နေပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးစေရေး ရည်ရွယ်၍ မြို့တွင်းရပ်ကွ

ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဆွေးနွေးသင်ကြားခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝင်စီးပွားရေးရာဝန်ကြီးဦးတင်အေး ဟင်္သာတ မြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများ ကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းကဟင်္သာတမြို့နယ်အတွင်း ဧရာဝတီမြစ်ရေကျဆင်းမူအခြေအနေများအား လိုက်လံကြည့်ရူစစ်ဆေးခဲ့သည်။

ကြံခင်းမြို့၌ ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကြံတောအုပ်စုသို့သွားရောက်၍ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြသည်။
Subscribe to