ကျောက်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ) ပဲခူးရပ်၌ ချောင်းရေဝင်ရောက်မှု ကျဆင်းသွားသည့်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

ကျောက်ကြီး  သြဂုတ် ၂

 ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်စီမံမှုဖြင့် အ.ထ.က(ခွဲ)ပဲခူးရပ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများ ကျောက်ကြီးချောင်းအတွင်းသို့စီးဝင်မှုကြောင့် အ.ထ.က(ခွဲ) ပဲခူးရပ်အတွင်း ရေဝင်ရောက်မှုရှိကာ ဇူလိုင်လ ၂၉ ရက်နေ့မှစတင်၍ ကျောင်းအားယာယီပိတ်ထားပြီး စာသင်ကျောင်းအား အချိန်မီပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။

 အဆိုပါ ကျောင်းသန့်ရှင်းရေးဆောင်ရွက်မှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်ပြီး နယ်မြေခံတပ်မတော်သားများ၊ မြို့မရဲစခန်း ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက ရေများဝင်ရောက်ခဲ့သည့် စာသင်ကျောင်းဆောင်များ၊ စာသင်ခုံများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ပေးခြင်း၊ ကျောင်းအတွင်းဝင်ရောက်နေသည့် ချောင်းရေများအား ရေစုပ်စက်ဖြင့်စုပ်ထုတ်ပေးခြင်း၊ ရေမြောင်းအား ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ပေးခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကျကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်