သာစည်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာစံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များလှူဒါန်း

သာစည် ဩဂုတ် ၂

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် ရပ်ကွက်/ကျေးရွာ စံညီစာကြည့်တိုက်များသို့ သုတရသစာအုပ်များ လှူဒါန်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်က စာအုပ်များလှူဒါန်းပေးခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။ ထို့နောက် စာအုပ်လှူဒါန်းပွဲကိုပြုလုပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သင်းသင်းတို့က စာကြည့်တိုက်တာဝန်ရှိသူများထံ စာအုပ်များလှူဒါန်းပေးအပ်သည်။ စာအုပ်များလှူဒါန်းပေးအပ်ရာတွင်စာကြည့်တိုက်တစ်တိုက်လျှင် သုတရသစာအုပ် ၂၀ အုပ်နှုန်းဖြင့် စံညီစာကြည့်တိုက် ၆၀ တိုက်ကို လှူဒါန်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)