ပေါင်းတည်၌ စည်ပင်သာယာရေးရန်ပုံငွေဖြင့် ငွေကျပ် ၃၂ သန်းကျော်တန် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခင်းကျင်း

ပေါင်းတည် သြဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးရန်ပုံငွေဖြင့် ၁၃ လမ်း၊ အပိုင်း (၂) အား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းလျက်ရှိကြောင်း သိရသည်။

ဒေသဖွံ့ဖြိုးရေး၊ မြို့ပြဖွံ့ဖြိုးရေးအတွက် မြို့တွင်းစျေး (၂) ရပ်ကွက်ရှိ (၁၃) လမ်း အပိုင်း(၂)အား ယခုဘဏ္ဍာရေးနှစ်တွင် ဆက်လက်ခင်းကျင်းနေခြင်းဖြစ်ကြောင်း၊ လမ်းအရှည် (၅၂၇) ပေ၊ အကျယ် (၁၂) ပေနှင့် အမြင့် (၈) လက်မ ရှိလာမည်ဖြစ်ကြောင်း၊ ထိုကွန်ကရစ်လမ်းကို ကာလတန်ဖိုး ငွေကျပ် (၃၂.၉၅) သန်း အကုန်ကျခံကာ အဆင့်မြှင့်တင် ဖောက်လုပ်နေခြင်းဖြစ်ကြောင်း၊ ယနေ့အထိ လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရှိရသည်။

ရွှေသား (ပြန်/ဆက်)