မိုင်းတုံမြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဩဂုတ် ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးမှ သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး ဦးအောင်အောင်ထွန်းက လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းနှင့်ပတ်သက်၍လည်းကောင်း၊ သန်းခေါင်စာရင်းသင်တန်းများဖွင့်လှစ်မူနှင့်ပတ်သက်၍လည်ကောင်း အကျယ်တဝင့်ရှင်းလင်းပြောကြားပြီးနောက် မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့အားလုံးကို သန်းခေါင်စာရင်းလှုံ့ဆော်ရေးပိုစတာနှင့် T-shirt တစ်ထည်စီ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)