သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

သရက် ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စကာရည်လုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပခြင်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် လက်ထောက်ပညာရေး ဦးမြင့်ကျော်က အမှတ်ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ ရှင်းလင်းပေးခဲ့ပြီး ပြိုင်ပွဲဝင် အ.ထ.က(၂)နှင့် ထခွဲလ(၃)ကျောင်းမှ ကျောင်းသား/ကျောင်းသူများက အခြေခံပညာကျောင်းများတွင် ဆရာမများထက် ဆရာများပိုလိုအပ်သည် ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်ရာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက အနိုင်ရရှိ၍ ပထမရရှိခဲ့သည်။

ထို့နောက် ဆုပေးပွဲကျင်းပရာ ပထမဆုရရှိသည့် အ.ထ.က(၂)ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်ဆွေက ပေးအပ်ရာ ဆုရကျောင်းသား/ကျောင်းသူများက လက်ခံပေးခဲ့ပြီး ဒုတိယမြို့နယ် ပညာရေးမှူး ဦးဝင်းဆွေက ဒုတိယရရှိသည့် ထခွဲလ(၃) အသင်းအားပေးအပ်ရာဆုရအသင်းက လက်ခံပေးခဲ့သည်။ ဆက်လက်၍ ပွဲစဉ်တလျှာက် အမှတ်အများဆုံးရရှိသည့် ကျောင်းသူတစ်ဦးအား Book Club အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ဆုချီးမြှင့်ပြီး ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူ(၁၂)ဦးအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝမ်းထွန်းက လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)