သရက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စကားရည်လုပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စကာရည်လုပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုပေးပွဲကျင်းပခြင်းကို ခရိုင်ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမ၌ ယမန်နေ့ မွန်းလွဲ(၁)နာရီက ကျင်းပခဲ့သည်။

သရက်မြို့၌ ကျေးရွာစာကြည့်တိုက်များသို့ စာအုပ်လှူဒါန်းပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လှူဒါန်းသည့် စာအုပ်များ ကျေးရွာစာကြည်တိုက်များသို့ စာအုပ်အပ်လှူဒါန်းပွဲကို ဇူလိုင်လ (၃၁) ရက်နေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ တက်ရောက်ခဲ့သည်။

ကျောက်ကြီးမြို့နယ်အတွင်းရှိ အ.ထ.က(ခွဲ) ပဲခူးရပ်၌ ချောင်းရေဝင်ရောက်မှု ကျဆင်းသွားသည့်အတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၌ ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များဦးဆောင်စီမံမှုဖြင့် အ.ထ.က(ခွဲ)ပဲခူးရပ်၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စေတုတ္တရာမြို့နယ်၌ ဆီမီးချောင်းရေလျှံမှုကြောင့် ပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ ဇူလိုင်လတတိယပတ်၊ စတုတ္တပတ်များတွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဩဂုတ်လ (၁) ရက်နေ့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီမီးချောင်းရေမှ ရေလျှံမှုများဖြစ်ပေါ်ရာ မြို့ပေါ်ရေဝင်ရောက်သည် အမှတ် (၁) ရပ်ကွက် ဒေသခံပြည်သူ့အချို့မှာ ရေဘေးလွတ်ရာနေရာများသို့ ယ‌မန်နေ့ညနေပိုင်းက ယာယီပြောင်းရွှေ့ကြသည်။

မိုင်းတုံမြို့၌ မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်သန်းခေါင်စာရင်းကော်မတီအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်းရေကြီး၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျချောင်းရေများကြောင့် နမ့်လွေချောင်း ရေကြီး၍  ယမန်နေ့ နေ့လည်ပိုင်းအချိန်ကစ၍ ချောင်းဘေးနေထိုင်ကြသည့် လူနေအိမ်အချို့၌ ရေများဝင်ရောက်ခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ရပ်စောက်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရပ်စောက်မြို့ ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသာ ပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန်၊ ဆီ ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုများကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ယခုရက်ပိုင်း နေ့စဉ် မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်းရေများ စီးဆင်းဝင်ရောက်မှုကြောင့် မန်းရွှေစက်တော်ဘုရားကြီးရှိ အောက်စက်တော်ရာ ရင်ပြင်အထက်၌ ယနေ့နံနက်ပိုင်းက မန်းချောင်းရေ ၃ ပေခန့် ဖြတ်ကျော်စီးဆင်းလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

ညောင်ရွှေမြို့ အခြေခံပညာအထက်တန်းကျောင်း(ခေါင်တိုင်)၌ လူငယ်စကားဝိုင်းဆွေးနွေးပွဲ ကျင်းပ

ကျောင်းသားလူငယ်လေးများ စကားပြောစွမ်းရည်တိုးတက်လာစေရန်၊ စာဖတ်ခြင်းအလေ့အထကောင်းများရရှိစေရန်နှင့် ပရိတ်သတ်များအလယ်တွင် ပြောဆိုဆွေးနွေးတတ်စေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် လူငယ်စကားဝိုင်းဆွေနွေးပွဲကို ယမန်နေ့နံနက် (၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to