မိုင်းယုမြို့၌ နမ့်လွေချောင်းရေများ ပြန်လည်ကျဆင်းပြီး သန့်ရှင်းရေးများပြုလုပ်

မိုင်းယု ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး နမ့်လွေချောင်းရေကြီးမှုဖြစ်ပွား၍ အိမ်များသို့ ရေဝင်ရောက်လာမှုဖြစ်ပွားခဲ့ရာမှ ယနေ့နံနက်ပိုင်းက စတင်၍ ရေများပြန်လည်ကျဆင်းသွားသဖြင့် သန့်ရှင်းရေးများ ဝိုင်းဝန်းပြုလုပ်လျက်ရှိကြောင်း သိရသည်။

ရေကြီးမှုကြောင့် ရေဝင်ရောက်သည့် ဌာနဆိုင်ရာရုံးများနှင့် နေအိမ်များရှိ နုန်းများ၊ အမှိုက်များနှင့် ရေများအား ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ နမ့်လွေချောင်းရေကြီးမှုကြောင့် လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှု မရှိကြောင်း သိရသည်။

မိုင်းယု(ပြန်/ဆက်)