ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ ဩဂုတ် ၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့်  ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေး ကျန်းမာရေးအသိပညာပေးလုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀ နာရီက ကျိုင်းတုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ လုပ်သားရွာ၊ ဓမ္မာရုံတွင် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူများက ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျိုင်းတုံမြို့နယ်၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန (ကျိုင်းတုံ)မှ ကျန်းမာရေးမှူး-၂(ငှက်ဖျား) ဦးကျော်ခိုင်၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်ချိုချိုထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ‌ဒေါ်ကြည်ကြည်ခိုင်နှင့်အဖွဲ့ဝင်များက လုပ်သားရွာ နေပြည်သူများအား သွေးလွန်တုပ်ကွေး‌‌ရောဂါနှင့် ဝမ်းပျက်/ဝမ်းလျှောရောဂါကာကွယ်ရေးအကြောင်း၊ ကူးစက်တတ်သော/ မကူးစက်တတ်သော ရောဂါများအကြောင်း၊ စိတ်ကျန်းမာရေး၊ ဆေးလိပ်မသောက်သုံးရေး၊ ကွမ်းမစားရေးနှင့်ပတ်သက်၍ ကျန်းမာရေးအသိပညာပေးဟော‌ပြောပြီး ကျန်းမာရေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် အိုင်အိုဒင်ဆားများ အခမဲ့ဖြန့်ဝေပေးသည်။

ဆက်လက်ပြီး ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာ‌ရေးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ခင်ချိုချိုထက်နှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လုပ်သားရွာအတွင်း နေအိမ်များတွင် သွေးလွန်တုပ်ကွေးကြိုကာကွယ်ရေး ရေတွင်း၊ ရေကန်နှင့် ခြင်ခိုအောင်နိုင်သည့်နေရာများတွင် ဖုံး၊ သွန်၊ လဲ၊ စစ်စနစ်ဖြင့် အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ပေးပြီး သက်ကြီးရွယ်အိုများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရပြည့်အစားအစာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)