ကြံခင်း ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများက ယမန်နေ့ နံနက်ပိုင်းက ကြံတောအုပ်စုသို့သွားရောက်၍ ပန်းခင်းစီမံချက် (၃) ဖြင့် အိမ်ထောင်စုစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးဆောင်ရွက်ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်ဦးစီးမှူး ဦးဆက်ထူးလွင်နှင့် ဝန်ထမ်းများက ‘လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့’ ဆောင်ပုဒ်နှင့်အညီ မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ မဖြစ်ပေါ်စေရေးကွင်းဆင်း တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ရာ ကြံတောအုပ်စုရှိ အသက် ၁၆ နှစ် ၁၈ ကြား ၁၈ နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားမရှိသူများအား ကြံတောဘုန်းတော်ကြီးကျောင်း စုရပ်အဖြစ်လည်းကောင်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူ တစ်အိမ်တက်ဆင်းလိုက်လံ၍ စာရင်းများတိုက်ဆိုင်စစ်ဆေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ပန်းခင်း (၃) ဖြင့် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)