ကလေး၊ ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီ အချိန်က စာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၄) ဆွေးနွေးသင်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့်ကလေးခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်နှင့် ဦးစီးအရာရှိများက စာကြည့်တိုက်လုပ်ငန်းစီမံခန့်ခွဲမှု လက်စွဲစာအုပ်မှ ခေါင်းစဉ်များအလိုက် ဆန်းစစ်ချက်များပြုလုပ်၍ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။
အဆိုပါစာကြည့်တိုက်ပညာသင်တန်းကို ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများအား ဩဂုတ်လ ၁ ရက်နေ့မှ ၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ အချိန်အထိ ဖွင့်လှစ်၍ စာတွေ့၊ လက်တွေ့ ဆွေးနွေးသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းသိရသည်။
ခရိုင် (ပြန်/ဆက်)