လဲချား သြဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပနိုင်ရေးအတွက် rehearsal ပြုလုပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီနာရီအချိန်က မြို့နယ်အားကစားကွင်းတွင် ကျင်းပခဲ့ပါသည်။
အဆိုပါဘောလုံးပြိုင်ပွဲ rehearsal ပြုလုပ်ရာမြို့နယ် အားကစားမှူး ဦးထိန်လင်းကပြိုင်ပွဲဝင် အသင်းများမှ အားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုခြင်း၊ ချီတက်အလေးပြုခြင်း၊ အ-ထ-က၊ အ-လ-က ကျောင်းသူလေးများမှ အကအလှများဖြင့်ဖျော်ဖြေခြင်းများ ပြုလုပ်စေခဲ့ပြီးအဆိုပါ အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စု/ကလပ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို အသင်း(၉)သင်းဖြင့် သြဂုတ်လ ၄ ရက်နေ့မှ စတင်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
လဲချား(မြို့နယ်၊ ပြန်/ဆက်)