မိုင်းတုံ ဩဂုတ် ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မိုင်းတုံအခြေချစစ်ဗျူဟာဝန်းအတွင်းရှိ မိုးလုံလေလုံခန်းမ၌ ယမန်နေ့ညနေ(၄:၁၅)အချိန်က တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ) ပြိုင်ပွဲဆုချီးမြှင့်ခြင်းနှင့် ပိတ်ပွဲအခမ်းအနားသို့ စစ်ဗျူဟာမှူးကြီး ဗိုလ်မှူးကြီး ထင်ကျော်နှင့် တပ်နယ်အတွင်းရှိ စစ်သည်/ရဲမေများ၊ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့်အဖွဲ့များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တက်ရောက်အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တပ်နယ်မှူးဒိုင်းဘော်လီဘော (ကျား/မ)ပြိုင်ပွဲကို တပ်ရင်း(၉)ရင်းမှကျား(၉)ဖွဲ့နှင့် မ(၉)ဖွဲ့တို့၂၄-၇-၂၀၂၄ရက်နေမှ ၁-၈-၂၀၂၄ရက်နေ့အထိယှဉ်ပြိုင်ကစားခဲ့ရာ ကျားဘော်လီဘော (ဗျူဟာ)အသင်းက ( ၂၆ ၁၇ ၂၃ ၂၅ ၁၅)မှတ်ဖြင့် အနိုင်ရခဲ့ခြင်း၊ မ(ခလရ-၂၇၇)အသင်းက (၂၅ ၂၅)မှတ်ဖြင့် အနိုင်ရခဲ့ပြီးနောက် ဆုချီးမြှင့်အခမ်းအနားကို ၄ နာရီ ၁၅ အချိန်က စတင်ရာ ကျားဘော်လီဘော(ဗျူဟာ)အသင်း ပထမဆုကို စစ်ဗျုဟာမှူးကြီး ဗိုလ်မှူးကြီးထင်ကျော်ကလည်းကောင်း၊ ဒုတိယဆုရရှိသော (ခလရ-၆၅)အသင်းအား အမတ(၃၈၆)တပ်ရင်းမှူးကလည်းကောင်း၊ တတိယဆုရရှိသော(အမတ - ၃၈၆)အသင်းအား တကရ(၆၀၀၃)ခေတ္တတပ်ရင်းမှူးကလည်းကောင်း၊ မဘော်လီဘော ပထမဆုရ သောခလရ(၂၇၇)အသင်းအားလည်းကောင်း၊ မဘော်လီဘောဒုတိယဆုရရှိသော ခမရ(၅၁၉)အသင်းအားလည်းကောင်း၊ မဘော်လီဘောတတိယဆုရရှိသော ခမရ(၆၅)အသင်းအားလည်းကောင်း သက်ဆိုင်ရာပုဂ္ဂိုလ်များမှ ပေးအပ်ကြရာ ဆုရရှိသူများမှ အသီးသီးလက်ခံရယူကြခြင်း၊ မြို့နယ်အားကစားမှ ဦးကျော်သူအေးအား ပွဲစဉ်အစမှ အဆုံးအထိ ဒိုင်းအဖြင့်ပါဝင်ကူညီပေးခဲ့သဖြင့် စစ်ဗျုဟာမှူးကြီး ဗိုလ်မှူးကြီးထင်ကျော်က မေတ္တာလက်ဆောင်များ ပေးအပ်ရာ လက်ခံရရှိခဲ့ကြကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)