မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် မင်းလှမြို့၌ မူလမြစ်ရေတင် ရေစက်ရုံအမှတ် (၁) ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ရေစစ်ကန်တည်‌‌ဆောက်မည့်မြေနေရာနှင့် နန္ဒဝန်ပန်းခြံတွင် ဆက်လက်ဆောင်ရွက်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြား‌ရေးမှူး ဦးထင်‌အောင်တို့သည် မင်းလှမြို့၌ မူလမြစ်ရေတင် ရေစက်ရုံအမှတ် (၁)‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ ရေစစ်ကန်တည်‌‌ဆောက်မည့် မြို့နယ်ခန်းမဝန်းအတွင်းရှိမြေနေရာနှင့် နန္ဒဝန်ပန်းခြံတွင် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ယမန်နေ့ မွန်းတည့် (၁၂)နာရီကကြည့်ရှုစစ်ဆေးခဲ့သည်။

ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြည်သူများ စာဖတ်ရှိန်မြှင့်တင်စေရန်နှင့် စာပေမှရရှိသည့် ဗဟုသုတများ တိုးပွားစေရေး၊ အလုပ်တာဝန်များကြောင့် စာကြည့်တိုက်သို့ စာအုပ်စာစောင်များ လာရောက်မငှားရမ်းနိုင်သော ဝန်ထမ်းများအား ဌာနဆိုင်ရာရုံးများအရောက် မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မီးသတ်ဦးစီးဌာနရုံးသို့ သွားရောက် ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

မင်းတုန်းမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ရပ်ကွက်နှင့် ကျေးရွာအချို့ရှိ လူနေအိမ်များသို့ ရေများဝင်ရောက်ပြီး သီးနှံစိုက်ခင်းများနစ်မြုပ်

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့မှစ၍ မိုးများအဆက်မပြတ် ရွာသွန်းခြင်းကြောင့် ယမန်နေ့ညနေပိုင်းမှစ၍ မင်းတုန်းချောင်းရေ မြင့်တက်လာမှုကြောင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၄) ရပ်ကွက်၊ တံတား (ရ) ရွာ၊ ဇီးတောရွာ၊ သစ်ဆိမ့်ပင်ရွာ၊ မင်းရွာကိုင်းရွာနှင့် ဘူးတောင်း(ရ) ကျေးရွာ မြေနိမ့်ပိုင်းများသို့ ရေများဝင်ရောက်လျက်ရှိပြီး ယနေ့နံနက်ပိုင်းအထိ လူနှင့် တိရစ္ဆာန်များ ရွှေ့ပြောင်းပေးရမှု မရှိသေးကြောင်း သိရသည်။

ကာလိမြို့၌ ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၃၇)စုအတွက်  ကွန်ဟိန်းမာရီစတုပ်(စ်)စင်တာမှ ထောက်ပံ့ပစ္စည်းများ ပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ တင်းလီဈေး(သစ်)တွင် လာရောက်ခိုလှုံနေသည့် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု (၁၃၇)စုအတွက် ကွန်ဟိန်းမာရီစတုပ်(စ်)စင်တာမှ ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၁၁)နာရီအချိန်က တင်းလီဈေး(သစ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆင်ပေါင်ဝဲမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မြို့မစျေး၊ နေအိမ်များနှင့် အခြေခံပညာကျောင်းများ၌ ယနေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြသည်။

သရက်မြို့၌ မိုးနှောင်းချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့်တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် Grade A အဆင့်မီဝါဂွမ်းရရှိရေး၊ F2 ဝါမျိုးစေ့များ ထုတ်လုပ်ရောင်းချမှုမရှိစေရေး ပညာပေးဆွေးနွေးပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ တိုးချဲ့စိုက်ပျိုးမည့် တောင်သူများအား မျိုးစေ့ထောက်ပံ့ပေးအပ်ခြင်းနှင့် Grade A အဆင့်မီဝါဂွမ်းရရှိရေး၊ F2 ဝါမျိုးစေ့များ ထုတ်လုပ်ရောင်းချမှုမရှိစေရေး ပညာပေးဆွေးနွေးပွဲအခမ်းအနားကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ သရက်မြို့နယ်အတွင်းမှ ဝါကြိတ်လုပ်ငန်းရှင်များ၊ ပွဲရုံလုပ်ငန်းရှင်များ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေးအရောင်းဆိုင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဝါစိုက်တောင်သူများ တက်ရောက်ခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

၂၀၂၄ ခုနှစ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် မြန်မာ့သိုင်းပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အားကစားရုံ၌ ကျင်းပရာ နေပြည်တော်အားကစားနှင့်ကာယပညာကော်မတီနာယက၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားသမားများနှင့် နည်းပြများ၊ အားကစားဝါသနာရှင်များ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။

ကျိုက်လတ် မြို့မဈေးကြီးအတွင်း အသား၊ ငါးများ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှု ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော အသား၊ ငါးဆိုင်များ သတ်မှတ်ဈေးနှုန်းဖြင့် ရောင်းချမှု ရှိ၊ မရှိကို မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၌ စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာမောင်နန္ဒ(မြစ်ကြီးနား) ရေးသားပြုစုသည့် “ဘဝထဲက အမှတ်တရများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။

ပေါင်းတည်၌ လယ်ယာထုတ်ကုန်မြင့်မားရေး တောင်သူအသိပညာပေး ဆွေးနွေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လယ်ယာထုတ်ကုန်မြင့်မားတိုးတက်ရေးအတွက် တောင်သူအသိပညာပေး ဆွေးနွေးဟောပြောပွဲကို ဇူလိုင်လ ၃၁ ရက် နံနက် ၁၀နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါဆွေးနွေးပွဲသို့ ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များ၊ ကျေးရွာအုပ်စု ၆၄ အုပ်စုမှ တောင်သူကိုယ်စားလှယ်များ တက်ရောက်ကြသည်။
Subscribe to