ကယားပြည်နယ်အစိုးရအဖွဲ့မှ ဝါတွင်းကာလသီတင်းသီလဆောက်တည်မည့် သံဃာတော်များ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၊ ဆီ ၊ ပဲ ၊ ဆား ဆက်ကပ်လှူဒါန်းပွဲပြုလုပ်

ကယားပြည်နယ်အတွင်းရှိ ဆရာ‌တော်သံဃာတော်များ၊ သီလရှင်များ စိတ်နှလုံးအေးချမ်းစွာဖြင့် ဝါတွင်းကာလ၌ သီတင်းသီလများဆောက်တည်နိုင်ရန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ဆွမ်းဆန်တော်၊ ဆီ ၊ ပဲနှင့်ဆားများ  ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ဇူလိုင်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရွှေကျောင်းပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် ၊ ဒေသကွပ်ကဲရေးမှူး ၊  ပြည်နယ်တရားသူကြီးချုပ်၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။

အင်းစိန်ခရိုင်အတွင်း၌ ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်အတွင်း၌ ၂၀၂၄ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသော ကျောင်းသား၊ ကျောင်းသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း(စက်၊စိုက်၊မွေး)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့၊ ရှင်ချမ်း(မေတ္တာရိပ်) ပရဟိတဂေဟာရှိ ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်

စစ်ကိုင်းခရိုင် လူမှုဝန်ထမ်းဦးစီးဌာနနှင့်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ရှင်ချမ်း(မေတ္တာရိပ်) ပရဟိတဂေဟာရှိ (၅)နှစ်အောက်ကလေးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါပရဟိတဂေဟာတွင် ဆောင်ရွက်ခဲ့ကြသည်။

ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ ဆန်အရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

မကွေးမြို့အား ပလတ်စတစ်ကင်းစင်သည့် မြို့တစ်မြို့ဖြစ်လာစေရေး အသိပညာပေးလှုပ်ရှားမှုများ ဆောင်ရွက်

မကွေးမြို့အား ပလတ်စတစ်ကင်းစင်သည့် မြို့တစ်မြို့ဖြစ်လာစေရေးအတွက် ပလတ်စတစ်များ၊ တစ်ခါသုံးကြွပ်ကြွပ်အိတ်များနှင့် ရေသန့်ဘူးများသုံးစွဲခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်ခြင်းကို လျှော့ချနိုင်ရန် ရည်ရွယ်၍ အသိပညာပေးလှုပ်ရှားဆောင်ရွက်မှုကို ယနေ့နံနက်ပိုင်းက မကွေးမြို့ရှိ ကန်သာဈေး၊ မြို့မဈေး၊ မင်္ဂလာဈေး၊ ရန်ပယ်ဈေးနှင့် ပြည်တော်သာဈေးများတွင် ဆောင်ရွက်ခဲ့သည်။

ကယားပြည်နယ်ဝန်ကြီးချုပ် လွိုင်ကော်မြို့သို့ ယာယီနေရပ်စွန့်ခွာရောက်ရှိလာသည့် ပြည်သူများအား ရင်းနှီးနွေးထွေးစွာ ကြိုဆိုလက်ခံ၍ သွားရောက်တွေ့ဆုံအားပေး

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် KNDF ၊ KNPP ၊ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများသည် လွိုင်ကော်မြို့နယ်၊ ပန်ကန်းကျေးရွာအုပ်စု၊ ရွာတန်းရှည်ကျေးရွာ၊ ဒေါဆန်းဘွန်းကျေးရွာ၊ ထူဒူငံသကျေးရွာများရှိ ပြည်သူများအား ဆက်ကြေးကောက်ခံခြင်း၊ အစားအသောက်များ အတင်းအဓမ္မပို့ဆောင်ခိုင်းခြင်း၊ လူသစ်စုဆောင်းခြင်းများ ဆောင်ရွက်ခဲ့ခြင်းကြောင့်  အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ လွိုင်ကော်မြို့ပေါ်သို့ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အကူအညီဖြင့် ရောက်ရှိလာခဲ့ကြသည်။

ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ပုသိမ်မြို့ရှိ ရေဘေးရှောင်စခန်းများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးနှင့် ကလေးများအတွက် မုန့်၊အဝတ်အထည်များကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

ဖြူးမြို့နယ်၌ မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ညောင်ကားယားကျေးရွာအုပ်စု၊ ဦးကြူးစုကျေးရွာ၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦးကို ငွေကျပ် (၂၉)သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၃၅)ဦးကို ငွေကျပ် (၁၄)ဒသမ (၅)သန်း၊ စုစုပေါင်း အသင်းသား၊ အသင်းသူ (၆၇)ဦးအတွက် မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ် (၄၃)ဒသမ(၅)သန်း ထုတ်ချေးပေးထားရာ ဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းက  မြစိမ်းရောင်စီမံကိန်းရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ထားမှုကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပစေရေး တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ကချင်ပြည်နယ် ဝိုင်းမော်မြို့ သန့်ရှင်းသာယာလှပ်ရေးနှင့် စိမ်းလန်းစိုပြည်ရေးအတွက် စွန့်ပစ်အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့ပေါ်ရပ်ကွက်(၅)ခုနှင့် မုတ်လွဲကျေးရွာတို့မှ အုပ်ချုပ်ရေးမှူများ၊ ဌာနဆိုင်ရာများနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ငါးသိုင်းချောင်းမြို့နယ်တွင် ရေဘေးသင့်ပြည်သူများအား အလှူရှင်များမှထမင်းဘူးများ လာရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ရေဘေးသင့်ပြည်သူများ ရွှေ့ပြောင်းနေထိုင်သည့် သာသနာ့အလင်းရောင်ကျောင်းတိုက်သို့ ယနေ့နံနက် ၁၁ အချိန်က ရေကြည်မြို့နယ် အလှူရှင်များနှင့် တာဝန်ရှိသူများမှထမင်းဗူးများ လာရောက်လှူဒါန်းခဲ့ကြသည်။
Subscribe to