မြောင်းမြမြို့ ကျက်သရေဆောင်သာသနာ့ဗိမာန်တော်ကြီး၌ ဆွမ်းဆန်စိမ်းလှူဒါန်းပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်စီမံအုပ်ချုပ်အဖွဲ့က ကြီးမှူးကျင်းပသည့် မြို့နယ်အတွင်း ဘုန်းတော်ကြီးစာသင်တိုက်များနှင့် သီလရှင်စာသင်တိုက်များအား ဆွမ်းဆန်စိမ်းများ လှဒါန်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီ ၃၀ မိနစ် အချိန်က မြို့ကျက်သရေဆောင်သာသနာ့ဗိမ္မာန်တော်ကြီး၌ ကျင်းပလှူဒါန်းခဲ့သည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် သူနာပြု-သားဖွားဒီပလိုမာ ပထမနှစ်သင်တန်းသား/သင်တန်းသူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်း

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန၊ ကချင်ပြည်နယ် မြစ်ကြီးနားသူနာပြုသင်တန်းကျောင်းနှင့် သားဖွားသင်တန်းကျောင်းတို့၌ ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွင်း တက်ရောက်ခွင့်ရခဲ့ကြသည့် ပထမနှစ် သူနာပြု-သားဖွားဒီပလိုမာ သင်တန်းသား/ သင်တန်း သူများအား ဂျူတီကုတ်နှင့် ဦးဆောင်းအပ်နှင်းခြင်းအခမ်းအနားကို သြဂုတ် ၁ ရက် နံနက် ၉ နာရီက သူနာပြုသင်တန်းကျောင်း (မြစ်ကြီးနား) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ(၃)လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးသို့ တက်ရောက်

လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာများ၏ ပထမ (၃) လပတ် လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေအား ရှင်းလင်းတင်ပြခြင်းအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက် နှင့် သြဂုတ် ၁ ရက်နေ့များတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးကွပ်ကဲမှုအောက်ရှိ ပြည်နယ် အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးမှ ရေဘေးကြိုတင်ပြောင်းရွှေ့သည့် အိမ်ထောင်စုများအား နေ့လယ်စာ၊ အချိုရည်နှင့်မုန့်များ ထောက်ပံ့ပေး

အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်းသည် ကျုံပျော်ခရိုင်၊ကျောင်း ကုန်းမြို့ အမှတ် (၂) ရပ်ကွက်၊ မျက်ရှင်တော်ပြည်လုံးချမ်းသာဘုရားကြီးအတွင်းရှိ ဓမ္မသဟာ ရမဉ္ဇရီဗိမာန်၌ ယမန်နေ့နံနက် ၁၁ နာရီခွဲအချိန်ခန့်က ရေဘေးကြိုတင်ပြောင်းရွှေ့သည့်အိမ် ထောင်စုများအား တွေ့ဆုံ၍ အား ပေးစကား ပြောကြားခဲ့သည်။

ကြံခင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် (၁၀) နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း Book Club, Women Club အဖွဲ့ဝင်များနှင့် ကလောင်စုံရေးသားသော ‘မျိုးဆက်သစ်ရင်ပြင်’ ဝတ္ထုစာအုပ်ပေါင်းချုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၊ ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ ရထားသံလမ်းကူးအား ရေဖြတ်ကျော်မှုအပေါ် ရေစုတ်ထုတ်မှုများဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ဒါးကကျေးရွာအနီး ရန်ကုန်-ပုသိမ်ကားလမ်း၊ ရထားသံလမ်းကူးအား ရေဖြတ်ကျော်မှုအပေါ် ဩဂုတ်လ (၁) ရက်နေ့ နံနက် ၉နာရီ ၄၅ မိနစ် အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တာဝန်ရှိသူများက ရေစုတ်ထုတ်မှုများအား ဆောင်ရွက်ခဲ့ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများမှဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

ရမည်းသင်းမြို့နယ်တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရမည်းမြို့နယ်ဦးစီးဌာနမှူးရုံးမှကြီးမှူး၍ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၉နာရီခွဲက ရမည်းသင်းမြို့နယ် ရွှေဒါး‌ရွှေကုန်းကျေးရွာအုပ်စု၊ ဆည်တွင်းကျေးရွာယွန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။

ကဝမြို့နယ်တွင် လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ပစ္စည်းများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ကမ်းမြောင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ‌တွင် ဇူလိုင်လ (၂၇) ရက်နေ့က ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပြိုလဲခြင်းနှင့် အမိုးလန်ပျက်စီးခြင်းအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပစ္စည်းပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် (၃၁) ရက် မွန်းတည့် (၁၂) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဆောင်ရွက်ခဲ့သည်။

ရွှေပြည်သာမြို့နယ်ရှိ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲ ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ အခွန်ထမ်းပြည်သူများအား အခွန်ဆိုင်ရာအသိပညာပေးရှင်းလင်းပွဲကို ဇူလိုင်လ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ကျင်းပသည်။
Subscribe to