ဇေယျာသီရိမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/ မရှိ တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဇေယျာသီရိ ဩဂုတ် ၂

ဇေယျာသီရိမြို့နယ် ကျောက်ချက်ကျေးရွာအုပ်စုအတွင်းရှိ ဆန်အရောင်းဆိုင်များ သတ်မှတ်ဈေးနှုန်းအတိုင်း ရောင်းချမှုရှိ/မရှိ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်း ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကွင်းဆင်းစစ်ဆေးရာတွင် ဇေယျာသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်ဇော်ဟိန်း၊  နေပြည်တော်စားသုံးသူရေးရာဦးစီးဌာနမှ ဇေယျာသီရိမြို့နယ်တာဝန်ခံ ရုံးအုပ် ဦးဝင်းသွင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကျောက်ချက်ကျေးရွာအုပ်စုအတွင်းမှ ဆန်အရောင်းဆိုင် ခုနှစ်ဆိုင်သို့ သွားရောက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လစဉ်ထုတ်ပြန်လျက်ရှိသည့် ဆန်အမျိုးအစားအလိုက် သတ်မှတ်ဈေးနှုန်းများထက် ကျော်လွန်ရောင်းချနေမှု ရှိ/မရှိ စစ်ဆေးခဲ့ရာ သတ်မှတ်ဈေးနှုန်းထက် ကျော်လွန်ရောင်းချနေမှုမရှိပါကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကျော်လွန်ရောင်းချပါက အရေးယူဆောင်ရွက်မည့်အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)