ဧရာဝတီတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ ရေဘေးရှောင်ပြည်သူများအား စားသောက်ဖွယ်ရာများလှူဒါန်း

ပုသိမ် ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက ပုသိမ်မြို့ရှိ ရေဘေးရှောင်စခန်းများသို့သွားရောက်၍ ရေဘေးသင့်ပြည်သူများအား ထမင်းဘူးနှင့် ကလေးများအတွက် မုန့်၊အဝတ်အထည်များကို ယမန်နေ့နံနက်ပိုင်းက ပေးအပ်လှူဒါန်းခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ငဝန်မြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်သည့်နေရာများရှိ ပြည်သူများအတွက် ယာယီရေဘေးရှောင်စခန်းများ ဖွင့်လှစ်ထားရှိပေးခဲ့ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များကပုသိမ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၇)ရပ်ကွက်၊ အမှတ်(၁၀)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်တို့တွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးရှောင်စခန်းများသို့ သွားရောက်၍ ရေဘေးရှောင်စခန်း(၈)ခုရှိ အိမ်ထောင်စု(၁၅၇)စု၊ လူဦးရေ (၅၉၂)ဦးအတွက် နေ့လည်စာ ကြက်သားအာလူးဟင်း ထမင်းဘူးများနှင့် ကလေးငယ်များအတွက် မုန့်နှင့်အဝတ်အထည်အား ရေဘေးသင့်ပြည်သူများ လက်ဝယ်သို့ လှူဒါန်းပေးအပ်ကာ အားပေးစကားများ ပြောကြားခဲ့ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)