ရွှေပြည်သာ ဩဂုတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မိုးအဆက်မပျက်ရွာသွန်းမှုကြောင့် ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်၍ လူနေအိမ်များရေဝင်ရောက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် စေတနာရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပြည်သူများစားသောက်ရေးအဆင်ပြေစေရန် ထမင်းဘူးများကိုဝေငှပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထမင်းဘူများနှင့်သောက်ရေသန့်များပေးဝေခြင်းကို ယမန်နေ့၌ အမှတ်(၁၇)ရပ်ကွက်ရှိပြည်သူများအား ထမင်းဘူး(၄၀၀)အား အမှတ်(၂၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့် ဝေနေယျသုခပရဟိတအဖွဲ့တို့မှ ဝေငှခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)