မော်လမြိုင်ကျွန်း ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊မော်လမြိုင်ကျွန်းမြို့နယ်တွင် ပန်းခင်းစီမံချက်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆)ပုံစံနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယနေ့ နံနက်(၁၀) နာရီအချိန်က မော်လမြိုင်ကျွန်းမြို့နယ်၊ အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါပန်းခင်းစီမံချက်(၃) ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဝန်ကြီးဌာန မော်လမြိုင်ကျွန်းမြို့နယ်ရုံး ဦးစီးအရာရှိ ဦးစောဝဏ္ဏ ကြီးကြပ်မှုဖြင့် တိုက်နယ်မှူးနှင့်ဝန်ထမ်းများက မြေပြင်အရောက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုရသေးသူများ အသက်(၁၀)နှစ်ပြည့်ပြီးသူနှင့် အသက်(၁၈)နှစ်အထက် နိုင်ငံသာစိစစ်ရေးကတ်ပြား မရှိသေးသူများ အား ကွင်းဆင်းဆောင်ရွက်ပေးခြင်း၊ နိုင်ငံစိစစ်ကတ် နံပါတ်များဖြည့်သွင်းခြင်းနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆) ပုံစံ စစ်ဆေးခြင်း လုပ်ငန်းများကို လုပ်ထုံးလုပ်နည်းများနှင့်အညီ နေ့ချင်းအပြီး (အခမဲ့) ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် ( ပြန်/ဆက်)