ပန်းတနော် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်လည် ကျဆင်းလာသည့်အတွက် ယနေ့တွင် အခြေခံပညာကျောင်း(၁၃)ကျောင်း ပြန်လည်ဖွင့်လှစ် သင်ကြားလျက်ရှိပြီး အခြေခံပညာကျောင်း(၉၁)ကျောင်း ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးသည်းထန်းစွာရွာသွန်းမှုနှင့် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ပန်းတနော်မြို့နယ်အတွင်းရှိ အ.ထ.က (၁၀)ကျောင်း၊ အ.လ.က (၁၂)ကျောင်း၊ မူလတန်း (၈၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး (၂)ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း(၁၀၄)ကျောင်း ယာယီပိတ်ထားခဲ့ရာ ယခုတွင် ဧရာဝတီမြစ်ရေပြန်လည်ကျဆင်းလာသည့်အတွက် အ.ထ.က (၃)ကျောင်း၊ အ.လ.က (၂)ကျောင်း၊ အ.မ.က (၈) ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း (၁၃) ကျောင်း ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)