လက်ပံတန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်

လက်ပံတန်း ဩဂုတ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ကျောင်းသား/ကျောင်းသူများအား ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်နှင့် လူငယ်ကဏ္ဍကိုမြှင့်တင်ဆောင်ရွက်ရေး ရည်ရွယ်၍ အခြေခံပညာကျောင်းများ၌ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲများကျင်းပခဲ့ရာ ယမန်နေ့နံနက်ပိုင်းက အ-မ-က ထောက်ကြံ့ကွင်းကျောင်းတွင် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်းမှ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ မူးယစ်ဆေးအန္တရာယ်နှင့်ဆိုးကျိုးများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် အခြားစာအုပ်စာစောင်များ လေ့လာဖတ်ရှုကြရန်၊ အားလပ်ချိန်များကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာအသုံးချကြရန်တို့ကို ဟောပြောဆွေးနွေးပြီး ဒုတိယဦးစီးမှူး ဒေါ်ကြည်မြတ်နွယ်က မိုးရာသီတွင်ဖြစ်ပွားတတ်သော ဝမ်းပျက်ဝမ်းရောဂါ ဆောင်ရန်ရှောင်ရန်သိကောင်းစရာများ၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်ရှောင်ရန်အကြောင်းအရာတို့ကို ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်စုဝေနှင်းက ကျောင်းသား/ကျောင်းသူများအား ဘုတ်ပြားပြဇာတ် ရုပ်ပုံပြဇာတ်များပြသခဲ့ပြီး ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ပေးခဲ့သည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများကို လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြပြီး စာအုပ်စာပေများကို ဖတ်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)