ပြည်ကြီးတံခွန် ဩဂုတ် ၃
မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲက အဆိုပါမြို့နယ်ရှိ အ-ထ-က(၂၇) ကျောင်း၊ အောင်တံခွန်ခန်းမ၌ ကျင်းပသည်။
အသိပညာပေး ဟောပြောပွဲတွင် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ လူငယ်ရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးတာဝန်ခံ၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက လူငယ်နှင့်အားကစားအကြောင်း သိကောင်းစရာများကိုလည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်စောလွင်က စာပေဗဟုသုတ ကြွယ်ဝဖို့ လူတိုင်းစာဖတ်ကြပါစို့ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနွယ်အေးချိုက ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် လူငယ်ရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးတာဝန်ခံက ကျောင်းသား/ကျောင်းသူများ အတွက် ပိုက်ကျော်ခြင်း၊ ခြင်းလုံးနှင့် ဘော်လီဘောအစရှိသည့် အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာကြီး ဒေါက်တာအောင်သက်ဆွေက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ခင်စောလွင် (ပြန်/ဆက်)