ပင်လောင်းမြို့၌ ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်တွင် ဥပ္ပါတသန္တိကျမ်းမြတ် အသံမစဲရွတ်ဖတ်ပူဇော်ပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွေတော်ဆုတောင်းပြည့်စေတီမြတ်ကြီး၌ ပြုလုပ်သည်။

ငါန်းဇွန်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်(မျိုးစေ့နှင့် သွင်းအားစုများ) ထောက်ပံ့ပေးအပ်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ်၏ ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ၂၀၂၄-၂၀၂၅ ခုနှစ် မိုးစပါး၊ ဆီထွက်သီးနှံနှင့် ဝါသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို စိုက်ပျိုးရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ဦးစီးမှူးရုံးတွင် ယမန်နေ့ ညနေ ၃နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ အောက်စီဂျင်စက်နှင့် (40)L အိုးကြီး(၁၀)လုံး ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အောင်လံမြို့ ပြည်သူ့ဆေးရုံကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနတွင် မြို့နယ်အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ အသက်(၃၅)နှစ်အောက် အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀)ဦးအား အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အောင်လံမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန စက်မှုလယ်ယာဦးစီးဌာနနှင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ သကြားစက်ရုံ (ဒုရင်္ဂဗိုလ်)တို့ ပူးပေါင်းဖွင့်လှစ်ပို့ချသည့် (၁/၂၀၂၄) လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်း ဖွင့်လှစ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အောင်လံမြို့ အမှတ်(၁၀) စက်မှုလယ်ယာစခန်း၌ ကျင်းပခဲ့သည်။

ကော်ဖီသီးနှံကိုအိမ်ခြံဝင်းတွင်လည်း စိုက်ပျိုးနိုင်ပြီး တစ်အုပ်တစ်မ တိုးချဲ့စိုက်ပျိုးခြင်းမှ စီးပွားဖြစ် စိုက်ခင်းသို့ တိုးချဲ့ပြောင်းလဲစိုက်ပျိုးရန်လို

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲ အခမ်းအနားကို ဩဂုတ်လ ၃ ရက်နေ့ နံနက် ၇ နာရီက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက်ကလပ်၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်၍ ကော်ဖီပင် ၁၀၈၇၅ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို သြဂုတ်(၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။

တာလေမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ မြို့ပေါ်ရပ်ကွက်များရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက တာလေတိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့၊ ဝင်းဖရကကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့် အိမ်ထောင်စုများအား မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုကြောင့်  ရေဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲ တက်ရောက်ချီးမြှင့်

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့တွင် ပြည်သူ့စစ်မှုထမ်းသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်း စစ်ရေးပြကွင်း၌ ကျင်းပရာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ တပ်မတော်ကွန်ပျူနှင့် နည်းပညာသိပ္ပံကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် သိန်းနိုင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းမှ တာဝန်ရှိသူများ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ တက်ရောက်ကြသည်။
Subscribe to