ရန်ကုန် သြဂုတ် ၅
ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် ရန်ကုန်ပညာရေးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲတို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းဖွင့်ပွဲကို သြဂုတ်(၃)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျင်းပခဲ့ရာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဒေါ်တင်တင်လေး တက်ရောက်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဌေးက နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး ရန်ကုန်ပညာရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာကေသွယ်လှိုင်က ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။
ယင်းနောက် ရန်ကုန်ပညာရေးတက္ကသိုလ်ကြက်ခြေနီအသင်းခွဲအတွက် ရှေးဦးပြုစုခြင်းဆေးအိတ်ကို ထောက်ပံ့ပေးခဲ့ပါသည်။
အဆိုပါ သင်တန်းကို စနေ၊ တနင်္ဂနွေရက်သတ္တပတ်(၄)ပတ်ဖွင့်လှစ်လျက်ရှိရာ သင်တန်းသား/သူ(၃၇၀)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။
အောင်မြင့် (ပြန်/ဆက်)