ပိုင်ကျုံ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့၌ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေစီးဆင်းလာမှုနှင့် ချောင်းရေမြင့်တက်လာမှုကြောင့် ရေဘေးသင့်အိမ်ထောင်စုများ အဆင်ပြေစေရန်အတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ယမန်နေ့က စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်တို့သည် ဝင်းဖရကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွက် ဆန် (၂၂) ပြည် (၁)အိတ်၊ ဆီ (၂) လီတာ(၂)ဘူး၊ ကြက်ဥ (၁)ကတ်၊ ရေသန်ဘူး(၆)ဘူးပါ (၃)ကတ်တို့အား ဆရာထံဆက်ကပ်လှူဒါန်းပြီး ဝင်းဖရ ကျေးရွာအုပ်စုအတွင်းရှိ ရေဘေးသင့် အိမ်ထောင်စု (၂၃) စုအတွက် အိမ်ထောင်စု(၁)စုလျှင် ဆန်(၅)ပြည်၊ ဆီ(၁) လီတာ၊ ကြက်ဥ(၁၀)လုံး၊ ရေသန့်(၁)ကတ် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုထောက်ပံ့ခြင်းလုပ်ငန်းကို လှိုင်းဘွဲမြို့နယ်၊ ကြက်ခြေနီတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ဒေါ်အိအိဖြူနှင့် တာဝန်ရှိသူများတို့က ရေဘေးသင့် ပြည်သူများထံ လက်ဝယ်အရောက် ရရှိရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)