ပလောက်မြို့၌ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ပုံမှန်ကာကွယ်ဆေးများ တိုက်ကျွေး/ထိုးနှံပေးလျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့အတွင်းရှိ မွေးကင်းစမှ အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ကျန်းမာရေးစောင့်ရှောက်မှုဖြင့် ပုံမှန်ကာကွယ်ဆေးတိုက်ကျွေး/ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ဆောင်ရွက်ပေးလျက်ရှိသည်။

မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ-ထ-က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ(အ-ထ-က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

သုံးခွမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ကျောင်းသား/သူများ  ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊   စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် ဥာဏ်ရည်ဥာဏ်သွေး တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍   ယနေ့နံနက် (၉) နာရီခွဲအချိန်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဥာဏ်စမ်းပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့ပေါ်၌ မြစ်ရေပြန်လည်ကျဆင်းစဉ် တင်ကျန်ခဲ့သည့် ရွံ့၊ နုန်းများကို စုပေါင်းသန့်ရှင်းရေး ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး  တနင်္သာရီမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ဒုတိယရက်သတ္တပတ်မှစ၍ မိုးများသည်းထန်စွာ အဆက်မပြတ် ရွာသွန်းမှုကြောင့် တနင်္သာရီမြစ်ရေသည် ဇူလိုင်လ ၃၁ ရက်နေ့ အထိ တနင်္သာရီမြို့၏ အန္တရာယ်ရေအမှတ်ဖြစ်သည့် သာမန်မြစ်ရေအထက် (၂၄)ပေကို (၇ပေ)အထိ  ကျော်လွန်၍ (၃၁)ပေအထိ မြစ်ရေကြီးမြင့်ခဲ့ပြီး ဩဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစ၍ မြစ်ရေများ  ပြန်လည်ကျဆင်းခဲ့ရာ ယနေ့ ဩဂုတ်လ ၄ ရက်နေ့ နံနက် ၉ နာရီခွဲအချိန် မြစ်ရေ တိုင်းထွာချက်အရ မြို့တာရိုးအပြင်ဘက်တွင် (၁၉) ပေခန့်အထိ ပြန်လည်လျော့နည်းကျဆင်းနေကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနား တက်ရောက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၄/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း(မိုးစွေ)၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးမင်း၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်(၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း (မိုးစွေ) ခေတ္တကျောင်းအုပ်ကြီးနှင့် တပ်မတော်အရာရှိကြီးများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်း‌လျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေခြင်း၊ အသိပညာ‌ပေးဗီနိုင်းများ ချိတ်ဆွဲခြင်း၊ လက်ကိုင်စပီကာများဖြင့် အသိပေးနှိုးဆော်ခြင်းများကို မြို့နယ်အတွင်းရှိ ဈေးများ၊ ရပ်ကွက်များ၊ အ‌ခြေခံပညာကျောင်းများ စသည့် လူစည်ကားသည့်နေရာများတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဩဂုတ်လ ၃ ရက်နေ့က (၃၇)ရပ်ကွက်၊ စည်ပင်သာယာဝန်ထမ်းအိမ်ရာဝင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အခြေခံပညာမူလတန်းကျောင်း(စမ်းမြောင်)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း (စမ်းမြောင်) ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးဝန်ထမ်းများက ကွင်းဆင်းဟောပြော ဆောင်ရွက်ကြသည်။

မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ အခြေခံအိမ်ထောင်စုများအား သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီရောင်းချပေး

 ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင် များအသင်းမှ စားအုန်းဆီများကို အမှတ် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) ရပ်ကွက်များနှင့်မြို့မတဲကြီးကုန်း ကျေးရွာအတွင်းရှိ အခြေခံအိမ်ထောင်စုများအား ယနေ့နံနက်က သတ်မှတ်စျေးနှုန်းဖြင့် စားအုန်းဆီပိဿာ (၁၀၀၀) ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ မျိုးဆက်ပွား ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့က ကြီးမှူးကျင်းပသည့် ဆယ်ကျော်သက်များအား မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီက တော်ကျိုက်ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ

စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အမျိုးသမီးများ အတွက် ဝင်ငွေတိုးရေးဆောင်ရွက်မည့် စီမံကိန်းဖြင့် ဖွင့်လှစ်သော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲကို သြဂုတ် (၅) ရက်၊ နံနက်(၁၀) နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်သည်။
Subscribe to